Friday, March 7, 2014

ဆူးမဲ့နှင်းဆီ

နှင်းဆီတစ်ပွင့်က
သူ့အလှ သူ့ဘဝ သူ့မာနတွေကို
ဆူးတံတိုင်းရံခက်
ကွယ်ကာတတ်တာမို့
အားကျမိခဲ့သည်
ချစ်နှင်းဆီ ........
အခုတော့လည်းလေ
မာနနှင်းဆီက
မာနတွေကွယ်ပျောက်လို့
ချစ်သူ့ရင်ခွင်ကိုမှန်ဆရင်းနဲ့
အော်....
သူ့ကြောင့်....
ကျွန်မ ဆူးမဲ့နှင်းဆီဖြစ်ခဲ့ပြီ။       ။

No comments:

Post a Comment